ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး “ထျန်းဝန်-၁(Tianwen-1)”အာကာသစူးစမ်းလေ့လာရေးယာဉ်သည် ဇန်နဝါရီ ၃ ရက် ၆ နာရီ အချိန်အထိဆိုလျှင်(၁၆၃ရက်ကြာ ပျံသန်းပြီးဖြစ်ရာ ပျံသန်းမှုခရီးအကွာအဝေး ကီလိုမီတာ သန်းပေါင်း(၄၀၀)ကျော်ထိရောက်ရှိနေပြီဖြစ်ကြောင်း နှင့် ကမ္ဘာမြေမှ အကွာအဝေး ကီလိုမီတာ သန်းပေါင်း (၁၃၀)၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ(၈.၃)သန်း နေရာသို့...
ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။
ကွေ့ကျိူး၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဟဲဆန်းသု ဝူးကျန်း မြစ်ကူးအထူးတံတားကြီးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင်တည်ဆောက်ထားသည်။ တံတား၏ စုစုပေါင်း အရှည်မှာ မီတာ (၂,၀၀၀)ရှိပြီး မေထန်-စီချန်း အမြန်လမ်းမကြီး၏ အဓိက စီမံကိန်း တစ်ခုဖြစ်သည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။