ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ခန်းမကြီး၌ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ထပ်မံတွေ့ရှိသည့် လူနာသစ် (၃) ဦးရှိကြောင်း၊ စုစုပေါင်း COVID-19 ရောဂါ အတည်ပြုလူနာ ၂၀၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မေ ၂၆ ရက် ည...
ဟောင်ကောင်၊ မေ ၂၆ ရက် (ဆင်ဟွာ) သွေးများလွှမ်းနေသည့် မျက်နှာဖြင့် ရန်ရွှယ်ကျစ် တစ်ယောက် ဟောင်ကောင်၏ Mong Kok ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏နောက်တွင်မူ သွေးများပေကျံနေသည့် တူတစ်ချောင်းကိုင်ကာ မျက်နှာဖုံးဝတ်ဆင်ထားသည့် အသက် ၂၇ ခုနှစ်အရွယ် ဆူပူအုံကြွသူ လူငယ်တစ်ဦး ရှိနေခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပထမဆုံးအကြိမ် ပင်လယ်ရေပြင်ပေါ်တွင် စမ်းသပ်ပျံသန်းမည်ဖြစ်ကြောင်း လေယာဉ်တည်ဆောက်ရေးကုမ္ပဏီက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်ပြည်သူများ၏ လူမှုဘဝ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်ကြောင်း ၊ ယင်းဥပဒေသည် ဟောင်ကောင်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့်ပြဿနာများ ဖြေရှင်းရန်အတွက် ဦးစွာရှိထားပြီးဖြစ်ရမည့် အရာဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် ဟန်ကျန်းက ဆိုသည်။ (Xinhua)