Connect with us

Social

ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသောယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေး ပြေးဆွဲပေးနေသောယာဉ်လိုင်း နှစ်ခုအား ချိတ်ဆက်ပြေးဆွဲပေးနိုင်ရန် တင်ပြထားဟု ဆို

ရန်ကုန်လေဆိပ်တွင် ခရီးသည်များသွားလာနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသောယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေးပြေးဆွဲပေးနေသောယာဉ်လိုင်း နှစ်ခုအား ချိတ်ဆက်ပြေးဆွဲပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားသည်။

“COVID-19 ရောဂါထိန်းချုပ်ရေးကာလဆိုတော့ လေဆိပ်တွေလည်း ပိတ်ထားတော့ အဲဒီလိုင်းတွေကို ခဏရပ်ထားတာ။ အဲဒါကို အခုလေဆိပ်တွေ ပြန်ဖွင့်တော့ ပြည်သူတွေ အဆင်ပြေဖို့ အတွက် အဲဒီလိုင်းတွေ ပြန်ပြေးဆွဲနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အဲဒီလိုင်လမ်းကြောင်းတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ခွင့်ပြုမိန့်နဲ့မှ ပြေးဆွဲပေးရတဲ့လမ်းကြောင်းတွေပါ’’ ဟု၎င်းက ဆိုသည်။

ယခုအခါ ခရီးသည်စီးနင်းမှုများလည်း အနည်းငယ်သာရှိသောကြောင့် ယင်းလမ်းကြောင်းအား ပြန်လည်ပြေးဆွဲနိုင်ရန် တင်ပြထားခြင်းဖြစ်ပြီး ယာဉ်စီးခကိုလည်း နဂိုမူလဈေးဖြစ်သည့် ၅၀၀ ကျပ်ဖြင့်သာပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117