ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေရန်အတွက် မူဆယ်မြို့ မန့်ဝိန်းဂိတ်ကို (၂၄)နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ကြီးအသင်း ဒုတိယ ဥက္ကဌ ဦးမင်းနိုင်ကပြောကြားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက လာမည့်နှစ်တွင် 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Xiao Yaqing က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော...
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသောယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေးပြေးဆွဲပေးနေသောယာဉ်လိုင်း နှစ်ခုအား ချိတ်ဆက်ပြေးဆွဲပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာကြီးသည် ၂၀၂၀ ပြည့်နှစ်ကို နှုတ်ဆက်ရန် ပြင်ဆင်ရတော့မည်ဆိုသည့်အခါ သိသာထင်ရှားလှသော မေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ ထိုမေးခွန်းက “၂၀၂၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ဘယ်လိုပုံစံနဲ့တူမှာလဲ” ဆိုခြင်းပင်ဖြစ်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော စိုက်မြေဧက (၁,၈၀၀)ဖော်ဆောင်၍ သစ်ပင်ပေါင်း (၁၂)သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ အခြားအပူပိုင်းဇုန် ဒေသများတွင်လည်း အပင်များ စိုက်ပျိုးသွားရန်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောကဏ္ဍ၊...