ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်အရေးတွင် မည်သည့်ပြင်ပ ဝင်ရောက်စွက်ဖက်မှုမှ သည်းခံလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ရိက မေလ ၂၄ ရက်တွင် ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ မေ ၂၄ ရက်၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများကိုရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တကမ္ဘာလုံးအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 အား တိုက်ဖျက်ရန် အထူးပင်အရေးကြီးကြောင်းပြောကြားခဲ့သည်။ ...
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နှစ်စဉ်လွှတ်တော်အစည်းအဝေးနှစ်ရပ်ကျင်းပလေ့ရှိ ရာ တစ်နိုင်ငံလုံးရှိ ဥပဒေပြုရေးနှင့်အကြံပေးအဖွဲ့ ခေါင်းဆောင်များသည် အုပ်စုလိုက်ဆွေးနွေးမှုများ ကျင်းပခဲ့ကြသည်။ သမ္မတရှီကျင့်ဖိန်သည် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ကိုယ်စားလှယ်တစ်ယောက်တစ်ဦးအနေဖြင့် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ကိုယ်စားလှယ်များနှင့်အတူ မေ၂၂ ရက်တွင် ကြားနာမှုများဆောင်ရွက်ခဲ့သည်။ မေလ ၂၂ ရက်သည် တရုတ်...
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးကာလအတွင်း သမ္မတရှီကျင့်ဖိန်သည် အမျိုးသားအဆင့် ဥပဒေပြုရေးအမတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ရာ ထိုအတွင်း အသေးအဖွဲကိစ္စများအထိ ဂရုတစိုက် ပြောဆိုဆွေးနွေးခဲ့မှုများလည်းအပါအဝင်ဖြစ်သည်။ ယခုဗီဒီယိုမှာ ကိုယ်စားလှယ်များနှင့် သမ္မတရှီကျင့်ဖိန်ဆွေးနွေးခဲ့မှုများမှ သက်ဆိုင်ရာဒေသအသီးသီးတွင် အကျိုးကျေးဇူးများစွာရရှိခဲ့ပုံများကို ကိုယ်တွေ့အဖြစ်အပျက်များအဖြစ် ရင်ဖွင့်ပြောကြားထားမှုများကိုမှတ်တမ်းတင်ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ မေ ၂၄ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါသည်သာ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ ဘုံရန်သူဖြစ်ပြီး အပြန်အလှန် အားပေးဖေးမကူညီခြင်းကသာ နှစ်နိုင်ငံပြည်သူများ၏တူညီသည့် စိတ်ဆန္ဒဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄ ရက် two session သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။