ရှန်ဟိုင်း၊ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်း Jiaotong တက္ကသိုလ် ရှိ သုတေသီများက ခြေချောင်းများတပ်ဆင်ထားသော ကယ်ဆယ်ရေးစက်ရုပ်ကို တီထွင်ခဲ့ကြောင်း သိရသည်။အလေးချိန် ၃ဝဝ ကီလို ဂရမ် ကို သယ်ဆောင်နိုင်ပြီး အကွာအဝေး တစ်နာရီလျင် ၁.၂ ကီလိုမီတာနှုန်းဖြင့်သွားလာနိုင်သည့် အဆိုပါ ခြေချောင်းများပါဝင်သည့် စက်ရုပ်ကို တရုတ်သုတေသီများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို...
ဟိုင်နန်၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းပေါ်တွင်ကျင်းပလျက်ရှိသည့် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) တွင် ဧပြီလ ၁ဝ ရက်နေ့၌ သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားမည်ဟုသိရသည်။ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာအောင်မြင်မှုများကိုပြောကြားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဆက်လက်ချဲ့ထွင်မည့်တံခါးဖွင့်စီးပွားရေးဆိုင်ရာမူဝါဒများကိုကြေညာမည်ဖြစ်သည်။ အကျိုးစီးပွားများကိုမျှဝေခံစားနိုင်မည့်အသိုက်အဝန်းတစ်ခုတည်ဆောက်ခြင်း နှင့်စပ်လျဉ်းပြီး အာရှတိုက်နိုင်ငံများနှင့်သာမကတစ်ကမ္ဘာလုံးနှင့်ပါ အကျိုးစီးပွားဖြစ်ထွန်းစေမည့်အသိုက်အဝန်း တစ်ခုတည်ထောင်ခြင်း...
အန်းဟွေး၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအန်းဟွေးပြည်နယ်ရှိ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက aerogel ဒြပ်ပေါင်းတစ်မျိုးကို တီထွင်ခဲ့ကြသည်။ ထိုပစ္စည်းသည် မီးအပူဒဏ်ကို ၁၃ဝဝ ဒီဂရီ ဆဲလ်စီးယပ်အထိ ခံနိုင်ရည်ရှိသည်။မီးလောင်ကျွမ်းမှုကြောင့် နံရံများပြိုကျပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ရန် ထိုပစ္စည်းကိုတွင်ကျယ်စွာအသုံးပြုထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)
ပေကျင်း၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ရေကြောင်းသွားလာမှုဆိုင်ရာလေ့လာမှုများပြုလုပ်ရန်၊ ပင်လယ်ရေနက်ပိုင်းတွင်စူးစမ်းမှုများ ပြုလုပ်ရန် နှင့် ရေထွက်ပစ္စည်းနမူနာများစုဆောင်းရယူရန်အတွက် လူလိုက်ပါခြင်းမရှိသည့် Hailong III ရေငုပ်သင်္ဘောကို အနောက်ပစိဖိတ်သမုဒ္ဒရာ ရေအောက် ၄၂၆၆ မီတာ သို့စေလွှတ်ကာ လေ့လာမှုများပြုလုပ်စေခဲ့သည်။ ၎င်းရေငုပ်သင်္ဘောမှာ သမုဒ္ဒရာအတွင်း ၄၅ ရက်ကြာ လေ့လာမှုများကို ပြုလုပ်လျက်ရှိသည့်...