ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂလိုမြို့ရှိ ကားရပ်ကွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ရုတ်တရက် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားအစီးရေ ၃၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတOmar al-Bashirက ဖေဖော်ဝါရီ ၂၃ ရက်တွင် Mohamed Tahir Ayala အား ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ၊ Ahmed Ibn Auf အား ပထမဒုတိယသမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။