Connect with us

Asia

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ ကားရပ်နားကွင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား ၊ ကားအစီးရေပေါင်း ၃၀၀ ခန့် မီးလောင်ပျက်ဆီး


မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂလိုမြို့ရှိ ကားရပ်ကွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ရုတ်တရက် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားအစီးရေ ၃၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူစာရင်းမထွက်ရှိသေးကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့် ကားရပ်နားကွင်းသည် (၁၂)ကြိမ်မြောက် အိန္ဒိယလေကြောင်းပြပွဲကျင်းပနေသည့် ဘန်ဂလိုမြို့ Yelahankaလေတပ်စခန်း တစ်ခုတွင်ဖြစ်ကြောင်း ၊ လျှမ်းလျှမ်းတောက်နေသည့် မီးလျှံများက အချင်းဖြစ်နေရာရှိ လူထုကို တုန်လှုပ်ခြောက်ခြားစေခဲ့သလို သရုပ်ပြပျံသန်းမှုများကို လည်း မီးလောင်ကျွမ်းမှုကြောင့် ခေတ္တရပ်နားခဲ့ရကြောင်း အိန္ဒိယ မီဒီယာများ၏ သတင်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ကားရပ်နားကွင်း မြက်ခင်းပြင်သို့ ဆေးလိပ်မီးတိုပစ်ရာမှ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ ဆိုသည်။ အချင်းဖြစ်နေရာတွင် လေပြင်းသောကြောင့် မီးသည် လျှင်မြန်စွာ ကူးစက် လောင်ကျွမ်းရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.