ပေကျင်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း၌ မတ် ၂၇ ရက်အထိ COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးနှံထားပြီ ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက်ရေး ယန္တရား နှင့် ပူးတွဲထိန်းချုပ်ရေးအဖွဲ့၏...
ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)က ဆူဒန်နိုင်ငံ စစ်တပ်အား မကြာသေးမီက တောင်းဆိုချက်အရ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု အသုတ်တစ်သုတ်ကို မတ် ၂၇ ရက်တွင် ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
မာလေး၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်နှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပစ္စည်းများသည် မတ် ၂၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မတ် ၂၅ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော Johnson and Johnson ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် မတ် ၂၃ ရက်က ပံ့ပိုးပေးခဲ့ကြောင်း Kyodo News သတင်းဌာနက မတ် ၂၄ ရက်က သတင်းဖော်ပြခဲ့သည်။
ကီးယက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သော တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သည့် ပထမအသုတ် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်ညပိုင်းအချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကီးယက်သို့ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဖန်းရှင်းရွန်း ၊ ယူကရိန်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး...
ခါတွန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရအနေဖြင့် ဆူဒန်နိုင်ငံသို့ Sinopharm COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား လှူဒါန်းသွားမည် ဖြစ်ကြောင်း ဆူဒန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin က မတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။
ရှန်ဟိုင်း၊မတ် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြူနီစီပယ်က လာမည့် မတ် ၂၉ ရက်မှ စတင်ကာ မြို့အတွင်းရှိ နိုင်ငံခြားသားများကို မိမိဆန္ဒအလျှောက် COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို အီဂျစ်နိုင်ငံသို့ မတ် ၂၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အက်ခရာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံ ကျန်းမာရေးဌာနမှ ဝန်ထမ်းသုံးဦးအား COVID-19 ကာကွယ်ဆေး ခိုးယူမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။