Connect with us

WORLD

တရုတ်နိုင်ငံက လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် အီဂျစ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ပေးအပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Liao Liqiang (ဝဲ) နှင့် အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို အီဂျစ်နိုင်ငံသို့ မတ် ၂၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ကြောင်းကို အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Liao Liqiang နှင့် အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး၏ ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာလက်ထောက် Wael El Saaey တို့က အသိအမှတ်ပြုလက်မှတ်ရေးထိုးခဲ့ပြီး Liao နှင့် အီဂျစ် ကျန်းမာရေးဝန်ကြီး Hala Zayed တို့က ကျန်းမာရေးဝန်ကြီးဌာန ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တရုတ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ ပူးတွဲကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အီဂျစ်နိုင်ငံအား ကြီးမားသော ပံ့ပိုးမှုနှင့် အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အီဂျစ်နှင့် တရုတ် နိုင်ငံများအကြား ခိုင်မာသောဆက်ဆံရေး ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်ကြောင်း Zayed က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရို နိုင်ငံတကာလေဆိပ်သို့ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“တရုတ်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေးက ဘေးကင်း ထိရောက်မှုရှိပြီး အီဂျစ်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံခြင်းစနစ်မှာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ အီဂျစ်အနေနဲ့ တရုတ်နဲ့အတူ ကာကွယ်ဆေး၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး စတဲ့ နယ်ပယ်စုံမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်” ဟု Zayed က ဆိုသည်။

အီဂျစ်နိုင်ငံ အကူအညီအလိုအပ်ဆုံးအချိန်၌ တရုတ်နိုင်ငံက ရိုးသားစွာ ဖြစ်နိုင်သမျှမြန်မြန် ကူညီပေးအပ်လျက်ရှိကြောင်း၊ ယင်းမှာ တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး နက်ရှိုင်းသော ဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးရုံးအတွက် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်မှာ ကိုင်ရိုမြို့သို့ ဖေဖော်ဝါရီ ၂၃ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

China hands over second batch of COVID-19 vaccine donation to Egypt

CAIRO, March 23 (Xinhua) — China handed over the second batch of COVID-19 vaccine donation to Egypt on Monday.
Chinese Ambassador to Egypt Liao Liqiang and Egyptian Health Minister Hala Zayed held a press conference at the headquarters of the health ministry, during which Liao signed a certificate to confirm the handover with Egyptian Assistant Health Minister for Financial and Administrative Affairs Wael El Saaey.

China has given great support and assistance to Egypt through the joint efforts of the Chinese government and enterprises, reflecting the friendship between the leaders of the two countries, and the strong relations between Egypt and China, Zayed told the press conference.

“The Chinese COVID-19 vaccine is safe, effective and has played an important role in Egypt’s vaccination system. Egypt is willing to continue to cooperate with China in various fields such as vaccines, epidemic prevention and control,” Zayed said.

For his part, the Chinese ambassador said that when Egypt is most in need, China has always provided sincere help as soon as possible, which is a profound portrayal of the in-depth development of the China-Egypt comprehensive strategic partnership.

The first batch of COVID-19 vaccines provided by China for Egypt and the General Secretariat of the Arab League arrived in Cairo on Feb. 23. ■
1- Chinese Ambassador to Egypt Liao Liqiang (L) and Egyptian Health Minister Hala Zayed (R) hold a press conference on China’s donation of second batch of COVID-19 vaccines to Egypt at the Egyptian Ministry of Health in Cairo, Egypt, March 22, 2021. (Xinhua/Wang Dongzhen)
2- Workers upload the first batch of China’s Sinopharm COVID-19 vaccines donated to Egypt onto a truck at the Cairo International Airport, Egypt, Feb. 23, 2021. (Xinhua/Wu Huiwo)