Connect with us

WORLD

တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါကာကွယ်ဆေးများ ယူကရိန်းနိုင်ငံသို့ရောက်ရှိ

ယူကရိန်းနိုင်ငံ ကီးယက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၂၅ ရက်၌ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

ကီးယက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သော တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သည့် ပထမအသုတ် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်ညပိုင်းအချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကီးယက်သို့ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဖန်းရှင်းရွန်း ၊ ယူကရိန်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Yevhen Yenin နှင့် ဒုတိယကျန်းမာရေးဝန်ကြီး Viktor Lyashko တို့က လေဆိပ်သို့သွားရောက်ကြိုဆိုခဲ့ကြသည်။

လေဆိပ်တွင် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဖန်းရှင်းရွန်း က COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အပြန်အလှန်ခိုင်မြဲစွာ ထောက်ခံအားပေးခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါကာကွယ်ဆေးလိုအပ်မှုက လွန်စွာကြီးမားနေပြီး တရုတ်နိုင်ငံအနေဖြင့် အခက်အခဲများကိုဖြေရှင်းကာ ယူကရိန်းနိုင်ငံအား တက်ကြွစွာထောက်ပံ့ပေးခဲ့ခြင်းသည် နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၏ အနှစ်သာရ နှင့် နက်ရှိုင်းသည့်ရိုးရာအစဥ်အလာချစ်ကြည်ရေးကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံမှ ကာကွယ်ဆေးများဖြင့် ယူကရိန်းနိုင်ငံပြည်သူလူထုတို့က ကပ်ရောဂါအား အောင်မြင်စွာတိုက်ဖျက်နိုင်မည်ကို ယုံကြည်ပြီး တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ ကပ်ရောဂါတိုက်ဖျက်နိုင်ရေး နှင့် စီးပွားရေးပြန်လည်ကောင်းမွန်နိုင်စေရန်တို့အတွက် ကူညီထောက်ပံ့မှု နှင့် ထောက်ခံမှုများကို ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကီးယက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၂၅ ရက်၌ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကီးယက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၂၅ ရက်၌ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Yevhen Yenin က တရုတ်နိုင်ငံအစိုးရ၏ ယူကရိန်းနိုင်ငံအပေါ် ကာကွယ်ဆေးများ အချိန်မီထောက်ပံ့ပေးခဲ့ခြင်း ၊ ယူကရိန်းနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးခဲ့ခြင်းတို့က ယူကရိန်း နှင့် တရုတ် နိုင်ငံတို့၏ ချစ်ခင်ရင်းနှီးမှု နှင့် ရိုးရာအစဥ်အလာချစ်ကြည်ရေးတို့ကိုပေါ်လွင်စေခဲ့ကြောင်း ၊ ယူကရိန်းနိုင်ငံ သမ္မတအနေဖြင့် လက်ရှိချိန်တွင် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်နေပြီး တရုတ်နိုင်ငံမှကာကွယ်ဆေးများက ယူကရိန်းနိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကာ နိုင်ငံ၏ လူမှုစီးပွား ပြန်လည်ကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ဒုတိယကျန်းမာရေးဝန်ကြီး Viktor Lyashko က ယူကရိန်းနိုင်ငံကိုယ်စား တရုတ်နိုင်ငံအစိုးရ နှင့် တရုတ်နိုင်ငံပြည်သူလူထုအား ယူကရိန်းနိုင်ငံအပေါ် ကာကွယ်ဆေးထောက်ပံ့ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆက်လက်ပြုလုပ်သွားကာ ကပ်ရောဂါအား အမြန်ဆုံး အမြစ်ပြတ် တိုက်ဖျက်သွားလိုကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ယူကရိန်းနိုင်ငံက တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ နှင့် COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူမှုဆိုင်ရာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုနှစ်မတ်လဆန်းပိုင်းအချိန်တွင် ယူကရိန်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက Sinovac COVID-19 ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုနိုင်ရန် အဆိုပြုချက်ကို ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ယူကရိန်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့အချိန်ထိ ယူကရိန်းနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၅၉၆,၅၇၅ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၃၁,၁၃၅ ဦးအထိရှိကာ ရောဂါမှ ပြန်လည်သက်သာလာသူစုစုပေါင်း ၁,၂၈၃,၀၂၀ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
————————————
(Chinese Version)
(国际疫情)中国科兴新冠疫苗运抵乌克兰
2021-03-26 07:43:13 分类: 医药卫生
  新华社基辅3月25日电(记者李东旭)首批中国科兴公司生产的新冠疫苗25日晚运抵乌克兰首都基辅,中国驻乌克兰大使范先荣、乌副外长叶宁和卫生部副部长利亚什科等到机场迎接。
  范先荣在讲话中表示,新冠疫情发生以来,中乌始终坚定相互支持。当前全球疫苗需求缺口巨大,中国克服供需紧张的困难,积极支援乌克兰,充分展示了中乌战略伙伴关系的内涵和两国深厚的传统友谊,相信中国疫苗能够帮助乌克兰人民战胜疫情。中国愿意为乌克兰战胜疫情、恢复经济提供帮助和支持。
  叶宁表示,中国政府及时向乌方提供疫苗支持,帮助乌抗击疫情,彰显了乌中友好和传统友谊。乌总统泽连斯基正致力于推动乌疫苗接种工作,中方的疫苗将助力乌疫情防控,帮助乌经济社会恢复发展。
  利亚什科代表乌方感谢中国政府和中国人民向乌提供疫苗帮助,希望同中方继续合作,尽早取得抗击疫情的彻底胜利。
  去年12月,乌克兰方面与中国科兴公司签署新冠疫苗采购合同。本月初,乌卫生部批准科兴疫苗紧急使用注册申请。
  
  乌克兰卫生部25日发布的数据显示,截至当天,该国累计新冠确诊病例1596575例,累计死亡31135例,累计治愈1283020例。(完)

Photo
3月25日,乌克兰基辅鲍里斯波尔国际机场的工作人员准备搬运中国科兴新冠疫苗。新华社发(谢尔盖•斯塔拉斯坚科摄)