Connect with us

WORLD

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးများ ဆူဒန်နိုင်ငံသို့ လှူဒါန်းမည်

ဆူဒန်နိုင်ငံ ခါတွန်မြို့ရှိ တရုတ်သံရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရအနေဖြင့် ဆူဒန်နိုင်ငံသို့ Sinopharm COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား လှူဒါန်းသွားမည် ဖြစ်ကြောင်း ဆူဒန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin က မတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။

“တရုတ်အစိုးရ နဲ့ တပ်မတော်က COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်ကို ဆူဒန်နိုင်ငံကို လှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်။”ဟု ခါတွန်မြို့ရှိ တရုတ်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီး Ma Xinmin က ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ) 

Sinopharm အုပ်စုမှ ထုတ်လုပ်သည့် ယင်းကာကွယ်ဆေးများသည် ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၂၆ ရက်တွင် တရုတ်လေယာဉ်ဖြင့် ရောက်ရှိရန် စီစဉ်ထားကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆူဒန်နိုင်ငံ၌ ပြီးခဲ့သောနှစ်တွင် ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်တွင် ဆူဒန်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာပစ္စည်း ပါဝင်သော အသုတ်တစ်သုတ်အား လှူဒါန်းခဲ့ပြီး ကပ်ရောဂါ တိုက်ဖျက်ရေး အထောက်အပံ့ဖြစ်စေရန် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့သောနှစ် ဇွန်လတွင် နှစ်ပတ်ကြာ စေလွှတ်ခဲ့ကြောင်း သိရသည်။

ဆူဒန်နိုင်ငံ၌ မတ် ၂၃ ရက်အထိ COVID-19 လူနာပေါင်း ၂၉,၅၄၂ ဦး ရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ ၂၃,၈၅၈ ဦး နှင့် သေဆုံးသူ ၂,၀၀၃ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China donates COVID-19 vaccines to Sudan

KHARTOUM, March 24 (Xinhua) — The Chinese government will donate a batch of Sinopharm COVID-19 vaccines to Sudan, Chinese Ambassador to Sudan Ma Xinmin announced on Wednesday.
“The Chinese government and military have decided to donate a batch of COVID-19 vaccines to Sudan,” Ma made the announcement at a press conference held at the Chinese embassy in Khartoum.
“The vaccines, developed and produced by the Sinopharm Group, are scheduled to arrive on March 26 on a Chinese aircraft to the Khartoum International Airport,” the ambassador added.
China has been helping Sudan in its fight against the COVID-19 pandemic since its outbreak in the African country last year.
China donated batches of medical supplies to Sudan last year, and a Chinese team of medical experts was sent to the country in last June on a two-week mission to support its fight against the pandemic.
As of Tuesday, Sudan had recorded a total of 29,542 COVID-19 cases, including 23,858 recoveries and 2,003 deaths. ■