ဆော်ပေါ်လို၊ မတ် ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် မြေပြိုမှုများစွာဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၃၁ ဦးအထိ ရှိလာကာ ၄၉ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ရီရိုဒီဂျနေရို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော လူပေါင်းများစွာ ပါဝင်သည့် လမ်းပေါ်ကပွဲတစ်ခု၌ လူအုပ်ပိမိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၉ ဦီး သေဆုံးပြီး အခြားလူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ(ဟောင်း) လူးဝစ်အင်နာဆီယိုလုလာဒါ ဆေးလ်ဗား( Luiz Inacio Lula da Silva) သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဘရာဇီးနိုင်ငံတောင်ပိုင်း Curitiba အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ဒေသခံအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အမေဇုံသစ်တော၌ တောမီးများအနှံ့အပြား ဆက်လက်လောင်ကျွမ်းနေစဉ် သမ္မတ Jair Bolsonaro က သဘာဝပတ်ဝန်းကျင် ထိခိုက်အောင်ပြုလုပ်သည့် ရာဇဝတ်မှုများကို “လုံးဝသည်းခံမည်မဟုတ်” ကြောင်း သြဂုတ် ၂၃ ရက် ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘရပ်ဇီးလီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ဇွန်လအတွင်း ၃၀ဒသမ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်ဖြစ်သော Pernambuco ပြည်နယ်၏ မြို့တော် Recifeတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။
ရီယိုဒီဂျနေရို ၊ မေ ၂၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံမြောက်ပိုင်းတွင် မေ ၂၆ ရက်က အကျဉ်းထောင်တစ်ခု၌ ပဋိပက္ခဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးသွားကြောင်း ဒေသအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
ရီယိုဒီ ဂျနေးရိုး ၊ မေ ၉ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ အစိုးရက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း မေ ၈ ရက်တွင် ကြေညာခဲ့သည်။