လော်ခီးလာ၊ ဇွန် ၉ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မူကြမ်းကို အပြီးသတ် သဘောတူညီချက် ရသည်အထိ အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း လော်ခီးလာ တိုင်းရင်းသား ညီလာခံက ယနေ့ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုနိုင်ရေး ညီလာခံကို ဇွန်လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။