ကဘူးလ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံရန် ၊ အပြန်အလှန်ချိတ်ဆက်ရေး နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တို့ကို အားပေးထောက်ခံသွားရန် ဒီဇင်ဘာ ၁၅ ရက်က သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဖာရာ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် တွင် နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံတာလီဘန် ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး တာလီဘန်စစ်သွေးကြွ ၁၉ ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ...
မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ၌ စုစုပေါင်း တာလီဘန် စစ်သွေးကြွ ၃၄ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ် Baghlan-e-Markazi ခရိုင် တွင်အောက်တိုဘာ ၂၁ရက်က စုဝေးပွဲနေသည့် တာလီဘန်အုပ်စုတစ်ခုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွ အယောက် ၃၀ သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Mohammad Hanif Rezai ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲရုံများအနီးတွင် အောက်တိုဘာလ ၂၀ ရက်က ပေါက်ကွဲမှု လေးခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုများစွာ ခံစားခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင် ၉ သန်းခန့်က အောက်တိုဘာလ ၂၀ ရက်တွင် မဲရုံများသို့သွားရောက်ကာ မဲပေးနေကြပြီဖြစ်ရာ လုံခြုံရေး တင်းကြပ်စွာချထားကြောင်း တွေ့ရသည်။
ကဘူးလ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်ရေးရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် တာလီဘန်ကိုယ်စားလှယ် များသည် ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကွန်ဒုဇ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲအရာရှိ ၁၃ ဦးနှင့် တာလီဘန် စစ်သွေးကြွ ၁၀ ဦးသေဆုံးခဲ့ပြီး ရဲတပ်သား ၂၀...