Connect with us

Africa & Middle East

အာဖဂန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲအတွက် စတင်မဲပေး

အာဖဂန်နိုင်ငံတွင် မဲဆန္ဒရှင်များ စာရင်းပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အကြမ်းဖက်မှုများစွာ ခံစားခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင် ၉ သန်းခန့်က အောက်တိုဘာလ ၂၀ ရက်တွင် မဲရုံများသို့သွားရောက်ကာ မဲပေးနေကြပြီဖြစ်ရာ လုံခြုံရေး တင်းကြပ်စွာချထားကြောင်း တွေ့ရသည်။

ကဘူးလ်မြို့တွင် မဲပေးခဲ့သည့် အာဖဂန် သမ္မတ မိုဟာမတ် အာရှပ်ဖ် (Mohammad Ashraf) က ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ကို အသုံးပြုကြရန် ပြောကြားခဲ့သည်။အဆိုပါ ရွေးကောက်ပွဲအား နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၃၂ ခုတွင် ကျင်းပခြင်းဖြစ်သည်။ Kandahar နှင့် Ghazni ပြည်နယ်နှစ်ခုတွင်မူ လုံခြုံရေးအကြောင်းပြချက်များကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။

ဆန္ဒမဲပေးခြင်းကို ဒေစံတော်ချိန် နံနက် ရး၀၀ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄း၀၀ နာရီတွင် မဲရုံများ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။လာမည့် သက်တမ်း ၅ နှစ်အတွက် အောက်လွှတ်တော် သို့မဟုတ် Wolesi Jirga ၂၄၉ နေရာအား ကိုယ်စားလှယ်လောင်း ၂,၅၀၀ က ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ (Xinhua)