လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အလယ်အလတ် အရွယ်အစားရှိပြီး ကမ္ဘာနှင့် နီးကပ်သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံးသည် ဖေဖော်ဝါရီလတွင် ကမ္ဘာဂြိုဟ်အနီးသို့ ရောက်ရှိလာမည်ဖြစ်သော်လည်း တိုက်မိမည့် အခွင့်အလမ်းမရှိကြောင်း အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA) က ဇန်နဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၁၄ရက်နေ့တွင် တွေ့မြင်ရမည့် စူပါ-မွန်း သည် ၆၉နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာမှ အနီးကပ်ဆုံးမြင်တွေ့ရမည့် လမျက်နှာပြင် အပြည့်အဝဖြစ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။