နန်ကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ပြီး အမြင့် မီတာ ၃၈၅ အသီးသီးရှိသည့် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ကြီး နှစ်ခုအား ဝါယာကြိုးသွယ်တန်းမှုကို ဇွန်လ ၂ ရက်က စတင်ခဲ့သည်။ ယင်းတာဝါတိုင်များသည် အာရှတိုက်ရှိ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် ယန်ဇီမြစ်ကြီးပေါ်မှ ဖြတ်သန်းကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ တာဝါတိုင်ကြီးနှစ်ခုကို...
မတ်ပူတို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလဇစ်မြစ်ခြေရာခံခြင်း နှင့် သုတေသနလုပ်ငန်းအတွက် ၂၀၁၉ ခုနှစ်တွင် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုဖြစ်ပွားချိန်က ကမ္ဘာတစ်လွှားရှိ ဓာတ်ခွဲခန်းများ၌ စုဆောင်းထားသော နမူနာများအပေါ် အခြေခံ၍ လေ့လာမှုပြုလုပ်သင့်ကြောင်း မိုဇမ်ဘစ်နိုင်ငံကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး အရေအတွက် ၂ ဘီလီယံ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း နှင့် COVAX အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ထည့်ဝင်သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်၏ ပထမအကြိမ်အစည်းအဝေးသို့...
နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းတွင် စက်တင်ဘာ ၂၆ ရက်အထိ COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၉၉၀,၀၀၀ ကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာ ဌာန(CSSE) ၏ ထုတ်ပြန်ချက် အရသိရသည်။
ပေကျင်း၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ဩဂုတ် ၁၅ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံ၌ ကိုဗစ်ကြောင့် သေဆုံးမှုသည် စက်တင်ဘာ လဆန်းပိုင်းတွင် ၂ သိန်းအထိရှိလာနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ...
ပေကျင်း၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ဩဂုတ် ၉ ရက်ထိ ရရှိခဲ့သော ကမ္ဘာ့ကပ်ရောဂါ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ၅ သန်းကျော်ရှိလာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဗိုင်းရပ်စ် လက္ခဏာ ပြောင်းလဲလာမှု နှင့်စပ်လျဉ်း၍ တွေ့ရှိချက်အပေါ် ဂျပန် ကျွမ်းကျင်ပညာရှင်က ရှင်းလင်းပြောကြားခဲ့သည်များကို စုစည်း ဖော်ပြလိုက်ပါသည်။
နယူးယောက် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဩဂုတ် ၂ ရက် အမေရိကန်ဒေသစံတော်ချိန် ၉ နာရီ ၃၄ မိနစ် ( ဂရင်းနစ်စံတော်ချိန် GMT ၀၁၂၄ နာရီ – ဩဂုတ် ၃ ရက်) အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစက်ခံရသူပေါင်း...
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဇူလိုင် ၄ ရက် ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၆၂ ဦး ရှိပြီး ရုရှားနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။
နယူးယောက် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၅ သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) ကမ္ဘာ့ ကပ်ရောဂါအခြေအနေသည် ဆိုးဝါးလျက်ရှိပြီး ကမ္ဘာ့စီးပွားသည် အခြေအနေမှာလည်း ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း အဆိုးဝါးဆုံး နောက်ပြန်ဆုတ်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားလိုက်သည်။