Connect with us

WORLD

ကမ္ဘာ့ ကပ်ရောဂါအခြေအနေ ဆိုးဝါးလျက်ရှိပြီး ကမ္ဘာ့ စီးပွားရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံးကျဆင်းမှုဖြစ်လာနိုင် 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် COVID-19 ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့ ကပ်ရောဂါအခြေအနေသည် ဆိုးဝါးလျက်ရှိပြီး ကမ္ဘာ့စီးပွားသည် အခြေအနေမှာလည်း ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း အဆိုးဝါးဆုံး နောက်ပြန်ဆုတ်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားလိုက်သည်။ 

 ၁။ COVID-19ရောဂါဖြစ်ပွားမှု ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဇွန် ၈ ရက် ဗဟိုဥရောပစံတော်ချိန်  ၁၀ နာရီအထိရရှိသော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါအတည်ပြုလူနာသည် ပြီးခဲ့သောရက်ထက် ၁၃၁,၂၉၆ ဦး ၊ သေဆုံးသူ ၃,၄၆၉ ဦး ထပ်တိုးလာရာ အတည်ပြုလူနာ စုစုပေါင်း ၆,၉၃၁,၀၀၀ဦး နှင့် သေဆုံးသူ စုစုပေါင်း ၄၀၀,၈၅၇ ဦး ရှိကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇွန် ၉ ရက် ပေကျင်းစံတော်ချိန် ၅ နာရီ ၃၃ မိနစ်အထိရရှိသော ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ ၇,၀၈၅,၈၉၄ ဦး ၊ သေဆုံးသူ ၄၀၅,၁၆၈ ဦးရှိရာ အမေရိကန်သည် ကပ်ရောဂါအခြေအနေ အဆုံးဝါးဆုံးနိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၁,၉၅၆,၄၉၉ ဦး နှင့် သေဆုံးသူ ၁၁၀,၉၃၂ ဦး ရှိကြောင်း သိရသည်။ 

၂။  COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဇွန် ၈ ရက်တွင် ပြောကြားချက်အရ ကမ္ဘာ့ ကပ်ရောဂါအခြေအနေသည် ဆိုးဝါးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၁၀ ရက်အနက် ၉ ရက်က  နိုင်ငံအသီးသီး၏အစီရင်ခံစာတွင် COVID-19အတည်ပြုလူနာသည် ၁ သိန်းကျော်ရှိကြောင်းနှင့် ဇွန် ၇ ရက်၏ထပ်တိုးလူနာအရေအတွက်သည် ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ဇွန် ၈ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအလားအလာ စာတမ်းတွင်  ကပ်ရောဂါဂရက်လှိုင်းရိုက်ခတ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၅.၂ ရာခိုင်နှုန်းကျဆင်းလာနိုင်သည်ဟု ခန့်မှန်းရကာ ၎င်းမှာ ဒုတိယကမ္ဘာစစ်ကာလနောက်ပိုင်း အဆိုးဝါးဆုံးသော စီးပွားရေးဆုတ်ယုတ်မှုဖြစ်နိုင်ကြောင်း ဆိုသည်။ အီတလီ အမျိုးသား စာရင်းအင်းဌာန(ISTAT) ၏ ဇွန် ၈ ရက်က ထုတ်ပြန်သည့် စီးပွားရေးအလားအလာ အစီရင်ခံစာတွင် ကပ်ရောဂါနှင့် ကာကွယ်ထိန်းချုပ်မှုနည်းများ၏ သက်ရောက်မှုကြောင့် ယခုနှစ်တွင် အီတလီ၏ GDPသည် ၈.၃ ရာခိုင်နှုန်းကျဆင်းမည်ဖြစ် ပြီး ၂၀၂၁ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်(Mikhail Mishustin) က  အစိုးရအနေဖြင့် အမိန့်ကြေညာချက် လက်မှတ်ထိုးထားပြီးဖြစ်ရာ ရုရှားနိုင်ငံသားများ ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ရန်၊ ပညာသင်ရန်၊ဆေးကုသရန်နှင့် ပြည်ပရှိ ဆွေမျိုးသားချင်းများအား စောင့်ရှောက်ရန် ခွင့်ပြုထားသလို ပြည်ပနိုင်ငံခြားသားများအနေဖြင့်လည်း ရုရှားနိုင်ငံသို့လာရောက်၍ ဆေးကုသခြင်းနှင့် ဆွေမျိုးသားချင်းများကို ကြည့်ရှုစောင့်ရှောက်ခြင်းအား ခွင့်ပြုထားကြောင်း ဇွန် ၈ ရက်  COVID-19 ရောဂါတိုက်ဖျက်ရေး ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

နယူးဇီလန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ သုညဦးအထိ ကျဆင်းသွားပြီဖြစ်သလို တစ်နိုင်ငံလုံးတွင် ၁၇ ရက် ဆက်တိုက် ကူးစက်မှုအသစ် မတွေ့ရှိရတော့ကြောင်း နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇွန် ၈ တွင် ကြေညာခဲ့သည်။

ရက် ၇၀ ကြာ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံ ဗဟို အစိုးရက ဇွန် ၈ ရက်တွင် စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနှင့် ဘာသာရေးအဆောက်အဦများကို ပြန်လည် ဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ ၎င်းမှာ အိန္ဒိယနိုင်ငံ၏ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အဆင့်အလိုက် ဖြေလျှော့ခြင်း၏ ပထမအဆင့် ဖြစ်ကြောင်း သိရသည်။ ထိုရက်တွင်ပင် အိန္ဒိယနိုင်ငံ၏ COVID-19 အတည်ပြုလူနာ ထပ်တိုးမှုသည် ၁ သောင်းနီးပါးရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၂ သိန်း ၅ သောင်း ကျော် ရှိလာကြောင်း သိရသည်။ 

NHK၏ စာရင်းများအရ ဂျပန်နိုင်ငံတွင် ဇွန် ၇ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ ၃၈ ဦး၊ ထပ်တိုးသေဆုံးသူမရှိနှင့် စုစုပေါင်း အတည်ပြုလူနာ ၁၇,၂၀၂ ဦး ၊ စုစုပေါင်းသေဆုံးသူ ၉၁၆ ဦး ရှိကြောင်းသိရသည်။ ၎င်းမှာ ဂျပန်နိုင်ငံတွင် မတ် ၆ ရက် နောက်ပိုင်း ပထမဆုံးအဖြစ် COVID-19ကြောင့် သေဆုံးမှုမရှိခြင်း ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်သော ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ဇွန် ၈ ရက်က ဒါကာမြို့သို့ ရောက်ရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လီကျီမင်းနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး A. K. Abdul Momenတို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)