တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ကျိန့်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ နောက်ထပ် နယ်မြေ ၁၄ ခုအား နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နယ်မြေများ စာရင်းမှ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်နေသော တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒယ်ဂူးမြို့အား အားပေးကူညီသည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်း ၂၅,၀၀၀ ခန့် ဖေဖော်ဝါရီ ၂၇ ရက်က ပေးလှူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် Yutu-2 သို့မဟုတ် Jade Rabbit-2 သည် လကမ္ဘာ၏ တစ်ဖက်ခြမ်းရှိ လမျက်နှာပြင်အောက် အလွန်နက်သောအပိုင်းမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးခြင်းဖြင့် သိပ္ပံပညာရှင်များအတွက် အကူအညီဖြစ်စေခဲ့ပြီး ကြယ်နက္ခတ်တာရာများ ပွတ်တိုက်မှု နှင့် မီးတောင်လှုပ်ရှားမှု နှင့် လကမ္ဘာပေါ်တွင် ပထဝီအနေအထား ဆင့်ကဲပြောင်းလဲခြင်းအပေါ်...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် COVID-19 ကူးစက်ရောဂါ နိုင်ငံဖြတ်ကျော် ပျံ့နှံ့မှုကို ကာကွယ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံနှင့် ဒေသအများစုရှိ ပြည်သူ့ကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၂၆...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၃၂,၄၉၅ ဦးထိရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်းနှင့် ၎င်းနှစ်နိုင်ငံသို့ ထောက်ပံ့မှုနှင့် ကူညီမှု ပေးရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။