ပေကျင်း ၊ မတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ် ၃ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအသစ် ၁၁၉ ရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်းကို အစီရင်ခံစာများ အသီးသီးရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဆန်တီရာဂို၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ရေးအတွေ့အကြုံအား လေ့လာရန် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ကို ချီလီနိုင်ငံမှ စေလွှတ်ခဲ့ကြောင်း ထိပ်တန်း အရာရှိတစ်ဦးက မတ် ၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာကြီးအား နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်သွားသင့်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် ကူညီသွားသင့်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါအဓိကဖြစ်ပွားနေသော ဟူပေပြည်နယ် ပြင်ပတွင် ဖေဖော်ဝါရီ ၂၉ ရက်က COVID-19 ရောဂါကူးစက်ခံရမှု လူနာအသစ် အရေအတွက်မှာ သုံးဦး သာရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်နေသော တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒယ်ဂူးမြို့အား အားပေးကူညီသည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်း ၂၅,၀၀၀ ခန့် ဖေဖော်ဝါရီ ၂၇ ရက်က ပေးလှူခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ အသက် ၂၄ နှစ်အရွယ် လျူဟု အမည်ရှိသော စေတနာ့ဝန်ထမ်း မိန်းကလေးငယ်တစ်ဦးသည် ၎င်း၏အဖွဲ့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသည့် ဝူဟန့်၌ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အစားအသောက်များ အခမဲ့ ချက်ပြုတ်ကာ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)