ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် လူနာများအား ဆေးကုသမှုပေးရန် နှင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်အတွက် နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း စက္ကူဖြူစာတမ်းထဲတွင် ရေးသားဖော်ပြထားသည်။
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) လူမှုအသိုက်အဝန်းရှိ အလုပ်သမားဝန်ထမ်းပေါင်း ၄ သန်းသည် တရုတ်တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာ ရပ်ကွက်ပေါင်း ၆ သိန်း ၅ သောင်းတွင် ရောဂါစောင့်ကြပ်စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ပိုးသတ်ခြင်းစသည့် ကျရာတာဝန်တွင် ကျေပွန်စွာထမ်းဆောင်လျက် ကပ်ရောဂါကာကွယ်ထိန်းချုပ် ပထမဂိတ်ကို လုံခြုံအောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း တရုတ်နိုင်ငံ...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု လုပ်ကိုင်နေစဉ်အတွင်းမှာပင် အလွန်ခိုင်မာပြီး ပညာရှင်ဆန်သော ထိရောက်မှုအပြည့်အဝရှိသည့် COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲ နမူနာ ၁၅၉၉ ခုအားယနေ့စစ်ဆေးရာတွင့်လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ဇွန် ၆ ရက် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၄၀) ဦးရှိပြီဖြစ်ကြောင်း...
ဂျီနီဗာ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအသုံးပြုရေးဆိုင်ရာ လမ်းညွှန်ချက်ကို ဇွန် ၅ ရက်က မွမ်းမံထုတ်ပြန်လိုက်ပြီး အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ သို့မဟုတ် ရောဂါအခံရှိသူများအနေဖြင့် လူချင်းခပ်ခွာခွာနေရန်မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျန်းမာရေးနှာခေါင်းစည်းကို တပ်ဆင်ရန်...
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံများနှင့် ကျန်းမာရေး နှာခေါင်းစည်းများအပါအဝင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများကို နိုင်ငံပေါင်း ၂၀ ၏ တပ်မတော်များထံ ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတွင် အောင်မြင်မှုရရှိရန် “တရုတ်-ပြင်သစ် ပါဝင်ဆောင်ရွက်မှုများ” အတွက် ဇွန် ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ပညာရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ – ၂၁ စာသင်နှစ် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမနှင့် ပညာရေး ရုံးဝန်ထမ်းများအား ပေးနိုင်ရေးအတွက် နှာခေါင်းစည်း သန်း ၂၀ ကျော်၊ မျက်နှာကာ ၁၀...
မနီလာ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက COVID-19 ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် မနီလာမြို့ ဒေသခံများအတွက် ဆန်နှင့် စည်သွပ်ဘူးကဲ့သို့ အဓိကစားသောက်ကုန်များပါဝင်သည့် “ချစ်ကြည်ရေးလွယ်အိတ်” ၅,၀၀၀ ကို ဇွန် ၄ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ရရှိရေးနှင့် အသုံးပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ကာကွယ်ဆေးသုတေသန ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဓိကကျသောအခန်းကဏ္ဍကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။