Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ထပ်မံတွေ့ရှိသည့် လူနာစုစုပေါင်း ၂၄၀ ဦးအထိရှိလာ

နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲ နမူနာ ၁၅၉၉ ခုအားယနေ့စစ်ဆေးရာတွင့်လူနာသစ်  (၄) ဦး ထပ်မံတွေ့ရှိခဲ့သဖြင့်  ဇွန် ၆ ရက် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၄၀) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

အဆိုပါ COVID-19 ရောဂါ ထပ်မံတွေ့ရှိသည့် လူနာသစ် ၄ ဦးသည်အိန္ဒိယနိုင်ငံသို့ ခရီးသွားရာဇဝင် ရှိသူများ ဖြစ်ပြီး၊ အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း၊ COVID-19ရောဂါ အတည်ပြုလူနာများ နှင့် ထိတွေ့မှုမရှိကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၁၃၈)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၆၁) ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL – Mdy) မှ ဓာတ်ခွဲနမူနာ (၂၇၇) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL – Mlm) မှ ဓာတ်ခွဲနမူနာ (၂၃) ခုစုစုပေါင်း (၁,၅၉၉)ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာမှ အတည်ပြုလူနာ သစ် ၄ ဦးအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၅ဦးဖြစ်သော (Case- ၄၂, ၆၁, ၉၁, ၉၃, ၁၉၂)  တို့ ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသဖြင့် (၅) ဦး ရှိသဖြင့် ဇွန်လ ၆ ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း  (၁၅၆) ဦးရှိပြီဖြစ်ကြောင်း၊  ၎င်းတို့အနက် (၁၃၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 

ယနေ့အထိဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)