Connect with us

CHINA

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က နိုင်ငံပေါင်း ၂၀ ၏ တပ်မတော်များသို့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးပစ္စည်းများ ပေးပို့

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်များအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံများနှင့် ကျန်းမာရေး နှာခေါင်းစည်းများအပါအဝင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများကို နိုင်ငံပေါင်း ၂၀ ၏ တပ်မတော်များထံ ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်းနိုင်ငံများမှ တပ်မတော်များ၏ တောင်းဆိုချက်အရနှင့် ဗဟိုစစ်ကော်မရှင်၏ ခွင့်ပြုချက်အရ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဇွန် ၂ ရက်မှ ၅ ရက်အထိ လေတပ် လေယာဉ်များနှင့် အခြားနည်းလမ်းများဖြင့် ပို့ဆောင်ပေးခဲ့ပြီး ယင်းနိုင်ငံများအနက် အီသီယိုးပီးယား၊ မိုဇမ်ဘစ်၊ တူနီးရှား၊ အန်ဂိုလာ၊ အီဂျစ် စသည့်နိုင်ငံများလည်း အပါအဝင်ဖြစ်သည်။ 

PLAအနေဖြင့် ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန်နှင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် အားလုံးအတွက် ကျန်းမာသော ကမ္ဘာ့အသိုက်အဝိုင်းတစ်ခု တည်ဆောက်ရေးကိုလည်း ပိုမိုကူညီထောက်ပံ့ရန် ကတိပြုထားကြောင်း သိရသည်။  (Xinhua)