မော်စကို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir al-Zour မြို့အနီး ရှိ IS စစ်သွေးကြွအုပ်စုက ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အာဏာပိုင်များသည် မကြာသေးမီက IS တို့လက်မှ လွတ်မြောက်ခဲ့သည့် မိုဆူးလ်မြို့အနီးရှိ စခန်းတစ်ခုတွင် IS စစ်သွေးကြွများ၏ နိုင်ငံခြားသားဇနီးများ နှင့် သားသမီး ၁,၄၀၀ ခန့်ကို ထိန်းသိမ်းထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အီရတ် အစိုးရ တပ်ဖွဲ့ မှ အရာရှိ တစ်ဦး က သြဂုတ်လ ၂၇ ရက်နေ့၌ အစိုးရ တပ်ဖွဲ့ အနေဖြင့် IS အစွန်းရောက် တပ်ဖွဲ့ ၏ နောက်ဆုံး အဓိက တပ်စခန်း...
ရီယာ့ဒ်၊ သြဂုတ် ၇ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတရားရုံးတစ်ခု က IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် သြဂုတ် ၆ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်း Alyaum အွန်လိုင်းသတင်းကဖော်ပြခဲ့သည်။
မိုဆူးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံဝန်ကြီးချုပ် Haider al-Abadi သည် မိုဆူးလ်မြို့သို့ ဇူလိုင် ၉ ရက်တွင်ရောက်ရှိလာခဲ့ပြီး စစ်သွေးကြွတို့၏ သုံးနှစ်ကြာအုပ်ချုပ်မှု အောက်မှ မိုဆူးလ်မြို့လွတ်မြောက်အောင် IS စစ်သွေးကြွများ နှင့် ရက်ပေါင်း ၂၆၆ ရက်ကြာ စစ်ပွဲများဆင်နွှဲခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့၏ အောင်မြင်မှုအတွက်...
ဝါရှင်တန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ရှိ အစိုးရဝက်ဘ်ဆိုက်များစွာတွင် ဇွန်လ ၂၅ ရက်က အစိုးရဆန့်ကျင်ရေး နှင့် IS စစ်သွေးကြွ ထောက်ခံရေး စာသား တစ်ခု ပေါ်လာပြီး အဟက်ခံခဲ့ရကြောင်း ပြည်တွင်း သတင်းတစ်ခု ကဖော်ပြခဲ့သည်။
ဒမက်စကက်စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်အား ဇွန်လ ၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် နိုင်ငံ မှ ၂၀၁၄ ခုနှစ် မှ စတင်၍ IS အစွန်းရောက် အဖွဲ့အစည်း ကို ဦးဆောင် တိုက်ခိုက်ချေမှုန်းသည့် စစ်ဆင်ရေး အတွင်း...
ဘဂ္ဂဒတ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့က IS စစ်သွေးကြွအုပ်စု ၏ ဒုတိယခေါင်းဆောင် သည် အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးတစ်ခု၌ သေဆုံးသွားပြီဖြစ်ကြောင်း ဧပြီ ၁ရက် ကပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အီရတ် အစိုးရ တပ်ဖွဲ့ သည် မတ်လ ၃၁ ရက်နေ့က အီရတ် နိုင်ငံ လေကြောင်း တပ်ဖွဲ့ ၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် IS အကြမ်းဖက်တပ်ဖွဲ့ဝင် များ ပုန်းခိုနေသည့် နေရာကို တိုက်ခိုက်နိုင်ခဲ့ပြီး...