Connect with us

Africa & Middle East

ဆီးရီးယားတွင် IS စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီး ကျဆုံး

IS စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် ရုရှားဒုတိယဗိုလ်ချုပ်ကြီး Valery Asapov အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir al-Zour မြို့အနီး ရှိ IS စစ်သွေးကြွအုပ်စုက ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

IS တို့၏ ရုတ်တရက် ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီး Valery Asapov ကျဆုံးခဲ့ရကြောင်း ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားနိုင်ငံရှိ Sputnik သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။Asapov သည် Deir al-Zour မြို့ လွတ်မြောက်ရေး စစ်ဆင်ရေးအတွင်း ဆီးရီးယားတပ်မှူးများနှင့် လက်တွဲလုပ်ဆောင်နေသည့် ရုရှားစစ်ဖက်အကြံပေးအရာရှိများအုပ်စု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ကျဆုံးသွားသည့် ဒုတိယဗိုလ်ချုပ်ကြီးအား နိုင်ငံ့ဂုဏ်ရည်ဆုတံဆိပ်ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။IS စစ်သွေးကြွတို့၏ နောက်ဆုံးခြေကုပ်ယူထားသည့် Deir al-Zour မြို့အား ၃နှစ်ကြာ ဝိုင်းရံပိတ်ဆို့ထားမှုကို စက်တင်ဘာလ အစောပိုင်းကာလ တွင် တစ်ဆင့်တက်၍ မြို့အတွင်းရှိ IS စစ်သွေးကြွများအား ချေမှုန်းရန် ဆီးရီးယားအစိုးရတပ်များက ပြင်းထန်သော ထိုးစစ်ဆင်မှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ဝန်ကြီးဋ္ဌာနက ကပြောကြားခဲ့သည်။ထုတ်ပြန်ချက်၌ မြို့၏ ၈၅ရာခိုင်နှုန်းသည် IS စစ်သွေးကြွတို့၏ ထိန်းချုပ်မှုအောက်က လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ပတ်အတွင်း မြို့တစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117