Connect with us

Africa & Middle East

အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက် သမား ၁၅၀ ကျော်ကို ချေမှုန်း နိုင်ခဲ့

အီရတ် အစိုးရ တပ်ဖွဲ့ဝင် များမှ IS အကြမ်းဖက် တပ်ဖွဲ့ နှင့် တိုက်ခိုက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီရတ် အစိုးရ တပ်ဖွဲ့ သည် မတ်လ ၃၁ ရက်နေ့က အီရတ် နိုင်ငံ လေကြောင်း တပ်ဖွဲ့ ၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် IS အကြမ်းဖက်တပ်ဖွဲ့ဝင် များ ပုန်းခိုနေသည့် နေရာကို တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၅၀ ဦး မှ ၂၀၀ ဦး အကြားကို ချေမှုန်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အီရတ် နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေး ဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ညွှန်ကြားရေး ဌာနသည် ရရှိခဲ့သည့် သတင်းအချက်အလက် များအရ IS အကြမ်းဖက် တပ်ဖွဲ့ဝင် များ ပုန်းခိုနေသည့် နေရာ ၃ ခုကို လေကြောင်း ဖြင့်တိုက်ခိုက်စေခဲ့ရာတွင် ဆီးရီးယား နိုင်ငံ မှ အီရတ် နိုင်ငံ သို့ရောက်ရှိလာသည့် အကြမ်းဖက်သမား ၁၅၀ ဦး မှ ၂၀၀ ဦး အကြားကို ချေမှုန်း နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

အီရတ် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သည့် မိုဆူးလ် မြို့ အနောက်ဘက် မိုင်ပေါင်း ၁၃၀ အကွာတွင် ရှိသော Baaja မြို့သည် လက်ရှိချိန်တွင် IS အကြမ်းဖက်တပ်ဖွဲ့ ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး ထိုနေရာသည်လည်း ၎င်းတို့မှ အီရတ် နယ်စပ်ကို ဖြတ်ကျော်ရန် အတွက် အရေးပါသည့် ဒေသ တစ်ခု ဖြစ်သည်။ လက်ရှိချိန်တွင် အီရတ် အစိုးရ တပ်ဖွဲ့ အနေဖြင့် IS အကြမ်းဖက်တပ်ဖွဲ့ ထံမှ မိုဆူးလ် ဒေသ ကို ပြန်လည် သိမ်းပိုက်နေသည့် စစ်ဆင်ရေး ကိုဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)