Connect with us

Africa & Middle East

IS စစ်သွေးကြွအုပ်စု ၏ ဒုတိယခေါင်းဆောင် လေကြောင်း တိုက်ခိုက်မှု၌သေဆုံး

IS စစ်သွေးကြွအုပ်စု အဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့က IS စစ်သွေးကြွအုပ်စု ၏ ဒုတိယခေါင်းဆောင် သည် အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးတစ်ခု၌ သေဆုံးသွားပြီဖြစ်ကြောင်း ဧပြီ ၁ရက် ကပြောကြားခဲ့သည်။

ထောက်လှမ်းရေးအဖွဲ့၏ တိကျသော သတင်းအချက်အလက်များအရ အီရတ်နိုင်ငံအနောက်ပိုင်း ဆီးရီးယားနိုင်ငံ နယ်စပ်အနီး Qaim ဒေသတွင်း ရှိ IS တို့၏ ဋ္ဌာနချုပ်ဖြစ်သော Daesh ဋ္ဌာနချုပ်အပေါ် အီရတ် တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ပြီးလျှင်အာဏာအရှိဆုံးအဖြစ်ယူဆရသည့် Ayad Hamid al-Jumaili သေဆုံးခဲ့ကြောင်း အီရတ်နိုင်ငံ စစ်ထောက်လှမ်းရေး၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် Qaimဒေသတွင်း ရှိ IS စစ်သွေးကြွအုပ်စု ၏ စစ်တပ်ခေါင်းဆောင် Turky al-Dulaimi နှင့် ယင်းဒေသရှိ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် Salim al-Ajmi တို့လည်းသေဆုံးခဲ့ကြောင်း ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။IS စစ်သွေးကြွအုပ်စုကို ထောက်ခံသူများက Amir al-Mu’minin ဟု ခေါ်ဆိုကြသော Abu Bakr al-Baghdadi သည် ၂၀၁၄ခုနှစ် ဇွန်လတွင် ၎င်းကိုယ်၎င်း IS စစ်သွေးကြွအုပ်စု ၏ ခေါင်းဆောင်အဖြစ် ကြေညာခဲ့ပြီး အီရတ်နိုင်ငံ အနောက်ပိုင်း နှင့် မြောက်ပိုင်းမှ နယ်မြေအချို့အပါအဝင် အိမ်နီးချင်းဆီးရီးယားနိုင်ငံ၏ အစိတ်အပိုင်းအချို့ကိုလည်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)