Connect with us

North America

IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခဲ့စဉ် အတွင်း အရပ်သား ၃၅၂ ဦး သေဆုံးစေခဲ့ကြောင်း အမေရိကန် နိုင်ငံ ဝန်ခံ

အမေရိကန် နိုင်ငံ မှ အီရတ် နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု အပြီး မြင်ကွင်း တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် နိုင်ငံ မှ ၂၀၁၄ ခုနှစ် မှ စတင်၍ IS အစွန်းရောက် အဖွဲ့အစည်း ကို ဦးဆောင် တိုက်ခိုက်ချေမှုန်းသည့် စစ်ဆင်ရေး အတွင်း အရပ်သား ပြည်သူလူထု အနည်းဆုံး ၃၅၂ ဦးကို သေဆုံး စေခဲ့ကြောင်း ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ မှ ၂၀၁၇ ခုနှစ် မတ်လ အထိ အမေရိကန် နိုင်ငံ မှ ဦးဆောင် သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့သည် အီရတ် နှင့် ဆီးရီးယား နိုင်ငံ တို့တွင် လေကြောင်း တိုက်ခိုက်မှုပေါင်း အကြိမ် ၂ သောင်း ကျော်ဆောင်ရွက် ခဲ့ရာတွင် အရပ်သား ၃၅၂ ဦးသေဆုံး စေခဲ့ပြီး ယင်းထဲတွင် အရပ်သား ၄၅ ဦး မှာ ယမန်နှစ် နိုဝင်ဘာလ မှ ယခုနှစ် မတ်လ အတွင်း လေကြောင်း တိုက်ခိုက်မှု ကြောင့် သေဆုံး ခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ယခု ကြေညာခဲ့သည့် စာရင်းတွင် ယခင်ထုတ်ပြန်ကြေညာခြင်းမရှိသော အရပ်သား ၈၀ ဦးလည်း ပါဝင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ အနေဖြင့် အရပ်ဘက် ပြည်သူလူထု သေဆုံးခဲ့နိုင်သော တိုက်ခိုက်မှုပေါင်း ၄၂ ခုကိုလည်း စုံစမ်းစစ်ဆေးနေပြီး ယခုနှစ် မေလ ၁၇ ရက်နေ့တွင် အီရတ် နိုင်ငံ မိုဆူးလ် မြို့တွင် ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုလည်း ပါဝင်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များက မျက်မြင်သက်သေများ၏ ပြောကြားချက်များ နှင့် အပြည်ပြည်ဆိုင်ရာ လူသာချင်း စာနာထောက်ထားမှု အဖွဲ့အစည်း ပြောကြားချက်ဖြင့် ရေးသား ခဲ့သည့် သတင်းဖော်ပြချက်များတွင် မတ်လတွင် အီရတ် နိုင်ငံ ၌ ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု သည် အရပ်သား ပြည်သူလူထု ၂၀၀ ဦးခန့်သေဆုံးစေခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်၍ အီရတ် နိုင်ငံ နယ်နိမိတ် အတွင်း IS တပ်ဖွဲ့ကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှု များစတင် ဆောင်ရွက်ခဲ့သည်။ထိုနောက် စက်တင်ဘာ လပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ဧရိယာ ကို ဆီးရီးယား နိုင်ငံ အထိ တိုးချဲ့ခဲ့ပြီး အမေရိကန် နိုင်ငံ နှင့် အခြားနိုင်ငံ တို့မှ IS တပ်ဖွဲ့အား တိုက်ခိုက်ရန် အတွက် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း သိရှိရသည်။(Xinhua)