Science & Technology5 years ago
တရုတ်နိုင်ငံ ဟူပေပြည်နယ် ရီချန်းမြို့၌ ယန်စီမြစ်ဖြတ်ကျော် ယာဉ်သွားလမ်းတံတားကြီးအား အရှိန်အဟုန်မြှင့် တည်ဆောက်လျက်ရှိ
ရီချန်း၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ပိုင်းရန် ယန်စီမြစ်ဖြတ်ကျော် ယာဉ်သွားလမ်းတံတားကြီး တည်ဆောက်မှုကို အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလမှာပင် အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်သားဝန်ထမ်းများကလည်း နားရက်မယူ အချိန်လုကာ ယခုနှစ်အတွင်း တံတားလမ်းဖွင့်လှစ်နိုင်အောင် အားသွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။