အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ပါကစ္စတန်နိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံမှ လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂ ရက်၌ စတင်ပြုလုပ်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ပြောကြားခဲ့သည်။

ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်းရှိ မီရာပီမီးတောင်သည် ဇန်နဝါရီ ၂၇ ရက်တွင် ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အပြည်ပြည်ဆိုင်ရာပညာရေးနေ့ အထိမ်းအမှတ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ “ ပန်းခြံစာသင်ကျောင်း” တစ်ခုတွင် မူလတန်းကျောင်းသား ကလေးငယ်များသည် နှာခေါင်းစည်းတပ်ဆင်၍ တက်ရောက်သင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မာမူဂျူ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းရှိ ဒေသများ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့် ရေဖုံးလွှမ်းမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၉၆ ဦးအထိ ရှိလာခဲ့ကြောင်း ၊ လူဦးရေ ၇၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများ၌ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မနီလာ၊ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှုရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်ကာကွယ်ဆေးများဝယ်ယူရန် သူ၏အစိုးရအဖွဲ့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြောကြားလိုက်သည်။

မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည် ယနေ့အထိ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံအစိုးရအကြား ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးပမာဏပါဝင်မှုအများဆုံး စီမံကိန်းကြီးတစ်ခု ဖြစ်သည်။

မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 "Huey"သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဂျကာတာ၊ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အင်ဒိုနီးရှားနိုင်ငံအနောက်ဆူလာဝေဆီပြည်နယ်(West Sulawesi) တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ အဆင့်ရှိသော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝီဆီပြည်နယ်တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄၂ ဦးသေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၁၅,၀၀၀ ခန့်မှာ နေအိမ်မှစွန့်ခွာခဲ့ရပြီး ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဘန်ဒါဆရီဘီဂါဝန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန် 

ဘရူနိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi နှင့် ဘရူနိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေး ထပ်မံမြှင့်တင်ရန် နှစ်ဖက်လုံးက ကတိပြုခဲ့ကြကြောင်း သိရသည်။