Connect with us

Myanmar

၁၃ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဗိုဗီနမ်အားကစားနှင့် ရေကူးအားကစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

၁၁ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Digital News)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ၁၃ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနှင့် ရေကူးအားကစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နေပြည်တော် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဋ္ဌေးက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ MRTV က သတင်းဖော်ပြခဲ့သည်။

“ကျွန်တော်တို့နိုင်ငံက အခြေခံပညာအရွယ် ကျောင်းသား/ကျောင်းသူတွေလည်း အာဆီယံနိုင်ငံတွေနဲ့အညီ အားကစားအဆင့်အတန်း ထိုက်ထိုက်တန်တန်တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်ချက်နဲ့ သွား‌ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ဇွန် ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုပညာသင်နှစ်အတွက် ဗိုဗီနမ်နှင့် ရေကူး အားကစားနည်းများကို ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်အားကစားနည်းတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၅ ဦး၊ ရေကူးအားကစားနည်း၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/ကျောင်းသူများအားလုံးကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ်လည်း အားကစားနည်းနှစ်ခုလုံးမှာ ဆုတံဆိပ်တွေဝင်မယ်လို့ ယုံကြည်ချက်နဲ့ သွားရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တချို့မိဘတွေက အားကစားလုပ်ရင် ပညာရေးမှာ ထိခိုက်မယ်လို့ အယူအဆလေးတွေရှိနေကြပါတယ်။ အားကစားထူးချွန်တဲ့သူဟာ ပညာရေးမှာလည်းမညံ့ဘူးဆိုတာ သေချာတဲ့အပြင် ကျန်တဲ့အာဆီယံနိုင်ငံက ကျောင်းသားတွေကလည်း အားကစားကို ထဲထဲဝင်ဝင် အားပေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျောင်းသားအားကစားလုပ်ငန်းတွေမှာ မိဘရော၊ ကျောင်းသားရော ဆရာတွေရော အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဦးကိုကိုဋ္ဌေးက MRTV ကို ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်းလေးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar to compete in vovinam and swimming at 13th ASEAN Schools Games
YANGON, May 26 (Xinhua) — Myanmar will compete in vovinam and swimming at the 13th ASEAN Schools Games (ASG), state-run media Myanmar Radio and Television (MRTV) reported on Sunday, citing deputy director of the Department of Basic Education, U Ko Ko Htay.
“The aim is to raise the sports standard of basic education students to be equal to ASEAN countries,” he said.
Seven males and five females will compete in vovinam, while one male and one female will represent Myanmar in swimming at the competition to be held in Vietnam from June 1 to 9
All competing students are currently undergoing training at the Nay Pyi Taw Sports Training Camp.
“We’re optimistic about securing medals in both sports this year. While some parents worry that sports might affect education, I aim to demonstrate that talented athletes can also excel academically. It’s crucial to encourage participation from parents, students, and teachers to enhance school sports,” U Ko Ko Htay expressed in an interview with MRTV.
In the 2019 ASEAN School Games, Myanmar competed in four sports and earned one gold medal and one bronze, the report said.