အာဖဂန်နိုင်ငံ အရှေ့ပိုင်း ဂျာလာလာဘတ်မြို့တွင် အသေခံဗုံးခွဲမှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံ ဂျာလာလာဘတ်မြို့၌ ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မြို့တော် ဂျာလာလာဘတ်မြို့၌ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အက်တူလာ ခိုဂျီယာနီက ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယခုလို ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေနတ်ပစ်ခတ်မှုမှာ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် Save the Childern ရုံး၏ အနီး၌ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်မှုမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောခဲ့သည်။ (Xinhua)