06
Fri, Dec
477 New Articles

နိုင်ဂျီးရီးယားနိုင်ငံတွင် အကျဉ်းသား လွတ်မြောက်ရေး ကြိုးစားမှုဖြင့် လူ ၂ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်၌ ဓားပြအဖွဲ့တစ်ဖွဲ့က အကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားခဲ့သည့် တိုက်ခိုက်သူ နှစ်ဦးအား အကျဉ်းထောင် လုံခြုံရေးများက ပစ်သတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တရားရုံးတွင် အမှုစစ်ဆေးရန်အတွက် အကျဉ်းသား ၁၈ ဦး တင်ဆောင်လာသည့် ထောင်ကား တစ်စီးအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အကျဉ်းထောင် လုံခြုံရေးများကလည်း တွန်းလှန် တိုက်ခိုက်ခဲ့ပြီး ဓားပြ ၂ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Cordelia Nwewe က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုအား လုပ်ဆောင်နေဆဲဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၈ ဦးလုံး လွတ်မြောက်ခြင်း မရှိခဲ့ကြောင်း Nwewe က ပြောကြားခဲ့သည်။