တူရကီ နိုင်ငံ သမ္မတ က မောင်းသူမဲ့ တင့်ကား များအား ပြည်တွင်း၌ တီထွင် ထုတ်လုပ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

အန်ကာရာ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ တူရကီ နိုင်ငံ အနေဖြင့် မောင်းသူမဲ့ တင့်ကား ကို ပြည်တွင်း၌ တီထွင် ထုတ်လုပ်သွားပြီး ပြည်တွင်း လက်နက် ထုတ်လုပ်မှု အရည်အသွေး ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Recep Tayyip Erdoğan က အထက်ပါ အကြောင်းအရာ ကို သမ္မတ အိမ်တော်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး တွင် ပြောကြား ခဲ့ခြင်း ဖြစ်ပြီး တူရကီ နိုင်ငံ ကာကွယ်ရေး လုပ်ငန်း ကို တစ်ဆင့်တက်လှမ်း နိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိခဲ့ရသည်။

ထို့ပြင် တူရကီ နိုင်ငံ သမ္မတ က လက်ရှိချိန်တွင် တူရကီ နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း ဆောင်ရွက်နေသည့် စစ်ဆင်ရေး တွင် အသုံးပြုသည့် လက်နက်များ အားလုံးနီးပါးမှာ တူရကီ နိုင်ငံ ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည့် လက်နက်များ ဖြစ်ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ သည် အမျိုးသား ကာကွယ်ရေး လုပ်ငန်း ထုတ်လုပ်မှု ကို တိုးချဲ့ရေး မူဝါဒ ကို အမြဲအကြံပြုသူ တစ်ဦး ဖြစ်ပြီး ၎င်းအနေဖြင့် အနောက်နိုင်ငံများက တူရကီ နိုင်ငံ အား မောင်းသူမဲ့ လေယာဉ် စသည့် ကဲ့သို့သော အဆင့်မြင့် စစ်လက်နက်များ မရောင်းချခြင်း အပေါ် မကြာခဏ ဝေဖန်သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)