14
Sat, Dec
507 New Articles

တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း ဒေသ တွင် ခရီးသည် တင်ယာဉ် နှင့် ကုန်တင်ကား ယာဉ်တိုက်မှု ဖြစ်ပွားရာ လူပေါင်း ၁၂ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Tabora ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps) Africa & Middle East

ဒါအိစလန် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Tabora ဒေသ၌ ဧပြီလ ၄ ရက်နေ့ ညပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် တစ်စင်း နှင့် ကုန်တင်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တန်ဇန်းနီးယား ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရှိရသည်။

Tabora ဒေသ ရဲတပ်ဖွဲ့ စခန်းမှူး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် ယဉ်တိုက်မှု သည် ဧပြီလ ၄ ရက်နေ့ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ ခရီးသည် ၅၈ ဦး လိုက်ပါလာသည့် ယာဉ် နှင့် ကုန်တင်ယာဉ် တစ်စင်း တို့ က ဒါအိစလန် မြို့သို့ သွားရာ အဝေးပြေးလမ်းတွင် တိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ် ယာဉ်မောင်း အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ကြပြီး ဒဏ်ရာရရှိသူ ၄၆ ဦး ကို ဆေးရုံ သို့ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွား ရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရှိရသည်။(Xinhua)