ပါကစ္စတန်တွင် ရေနံမြေ တစ်ခု၌ ပေါက်ကွဲမှုကြောင့် လူ ၂ဦးသေ၊ ၈ဦး ဒဏ်ရာရရှိ

ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

အစ္စလာမ်မာဘတ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့၌ ဧပြီ ၇ရက် က ရေနံမြေတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ကရာချိမြို့ ရဲမှူးကြီး Shiraz Nazeer က နိုင်ငံတောင်ပိုင်း Sindh ပြည်နယ်မြို့တော် ကရာချိမြို့ ရှိ Shereen Jinnah Colony အနီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ သကြားရည်သိုလှောင်ကန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ပေါက်ကွဲမှုကြောင့် သကြားရည်များ စီးဆင်းနေသည့် ပိုက်တစ်ပိုက် ပေါက်ပြဲသွားပြီးနောက် သကြားရည် လီတာပေါင်း ထောင်ချီ၍ ဖိတ်ကျခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း Geo News ကဖော်ပြခဲ့သည်။တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူအားလုံးကို ကရာချိပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ဆေးရုံမှ ဆရာဝန်များက ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)