09
Mon, Dec
484 New Articles

နိုင်ငံတကာမဟာမိတ်တပ်က ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၂၅ ဦး သေဆုံး

ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်) Africa & Middle East

ဒမက်စကက်စ်၊ မေလ ၂ ရက်(ဆင်ဟွာ)

အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်က မေလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းHasakah ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီးများ နှင့်ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

ထိုနေ့တွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့ က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ်ရှိ IS အစွန်းရောက်အဖွဲ့အား စစ်ရေးတိုက်ခိုက်မှု များ ထပ်မံပြုလုပ်ခဲ့ရာ နိုင်ငံတကာမဟာမိတ်တပ်က ထောက်ခံ အားပေးခဲ့ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်က အီရတ်နိုင်ငံအတွင်းရှိ ISတို့အား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး ထိုနှစ် စက်တင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှု နယ်ပယ်ကို ဆီးရီးယားနိုင်ငံအထိ တိုးချဲ့ခဲ့ရာ IS ချေမှုန်းရေး နိုင်ငံတကာမဟာမိတ်တပ်ကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။ ဆီးရီးယားအစိုးရက ၎င်းတိုက်ခိုက်မှုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြု ချက်မရရှိ သေးဘဲ လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် ထိုလေကြောင်းတိုက်ခိုက်မှု ကြောင့် ဆီးရီးယားအရပ်သား အများစု သေဆုံးဒဏ်ရာရကြသည်ဟု အပြစ်တင်ပြောဆိုထားသည်။ (Xinhua)