အီရန်နိုင်ငံအနောက်ပိုင်းတွင် ပြင်းအား ၅.၂ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၃၁ ဦးရှိ

အီရန် နယ်စပ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ ) Africa & Middle East

တီဟီရန်၊ မေလ ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံအနောက်ပိုင်း Kohgiluyeh and Boyer-Ahmad ပြည်နယ်တွင် မေလ ၂ ရက်က ပြင်းအား ၅.၂ အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ ဒဏ်ရာရသူ အနည်းဆုံး ၃၁ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ယခုငလျင်မှာ မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၈ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့လောင်ဂျီတွဒ် ၅၁.၅၅၉ ဒီဂရီ၊ မြောက်လတ္တီတွဒ် ၃၀.၈၃၄ ဒီဂရီကို ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်ရာ ငလျင်အနက် ၈ ကီလိုမီတာရှိကြောင်း အီရန်ငလျင်တိုင်းတွာရေးစင်တာ ပြောကြားထားသည်။

Sisakht မြို့အနီးကို ဗဟိုထားပြီး လှုပ်ခတ်ခဲ့ရာ နေအိမ်အချို့ပျက်စီးခဲ့ပြီး လူ ၃၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ အရေးပေါ်ဆေးကုသရန် ပို့ဆောင်နေကြောင်း အီရန် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။Sisakht မြို့တွင် ဆက်သွယ်ရေးနှင့်လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

မနှစ်က အီရန်တွင် ငလျင်အကြိမ်ပေါင်းများစွာလှုပ်ခတ်ခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် အီရန်အနောက်ပိုင်းနယ်စပ်ဒေသတွင် ပြင်းအား ၇.၃ အဆင့် ငလျင်လှုပ်ခတ်သောကြောင့် Kermanshah ပြည်နယ်၌ သေဆုံးသူ ၄၇၀ ကျော် ရှိပြီး ဒဏ်ရာရသူ စုစုပေါင်း ၉၀၀၀ ကျော် ရှိကြောင်း သိရသည်။(Xinhua)