24
Sat, Aug
525 New Articles

ဆိုမာလီယာတွင် ရေကြီးမှုကြောင့် လူ ၅ သိန်း ရေဘေးဒုက္ခသင့်

ဆိုမာလီယာရှိ ရေကြီးနေသည့် လူနေရပ်ကွက်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Africa & Middle East

နိုင်ရိုဘီ ၊ မေလ  ၃ ရက်(ဆင်ဟွာ)

ဆိုမာလီယာ၌ ယခုရက်ပိုင်းများအတွင်း ရေကြီးမှုကြောင့် ရေဘေးဒုက္ခသင့်သူ ၅ သိန်း ရှိပြီဖြစ်ပြီး ၎င်းတို့အနက် လူ ၁ သိန်း ၇ သောင်း ၅ ထောင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဆိုမာလီယာ သမ္မတ Mohamed Abdullahi Mohamedက မေလ ၁ ရက်နေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆိုမာလီယာ သမ္မတက ဆိုမာလီယာ အစိုးရသည် ရေဘေးဒုက္ခကြောင့် ဖြစ်ပေါ်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်း၊  သဘာဝဘေး ဒုက္ခဆိုင်ရာ ကူညီဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး ရေဘေးသင့်အရပ်ဒေသမှ ပြည်သူများကို ကူညီဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာအဖွဲ့အစည်းမှလည်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေး ရန် တိုက်တွန်းထားကြောင်း သိရှိရသည်။ (Xinhua)