အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် က တိုက်ခိုက်သူများအား ဆတိုး တုံ့ပြန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြား

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ဂျေရုစ်စလင် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေး နိုင်ငံ ကို ပစ်မှတ်ထား တိုက်ခိုက်သည့် မည်သည့် တိုက်ခိုက်သူ မဆို အစ္စရေး နိုင်ငံ အနေဖြင့် ဆတိုး တုံ့ပြန် တိုက်ခိုက်သွားမည် ဖြစ်ပြီး တိုက်ခိုက်ရန် ကြံစည်သူများကိုလည်း လက်ဦးမှုယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ အစိုးရ က မေလ ၉ ရက်နေ့ ညပိုင်း နှင့် ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်တို့တွင် ဆီးရီးယား နိုင်ငံ အတွင်းရှိ အီရန် နိုင်ငံ တပ်စခန်းများစွာ ကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပြီး အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း အီရန် နိုင်ငံ အနေဖြင့် မျဉ်းနီ ကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့် အစ္စရေး နိုင်ငံ အနေဖြင့် တုံ့ပြန်မှု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

Benjamin Netanyahu က အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ အီရန် တပ်စခန်းများ ကိုသာ ဦးတည် တိုက်ခိုက်သွားမည်ဖြစ်ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့ က တိုက်ခိုက်မှု ဆောင်ရွက်လာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း စစ်အင်အား တိုးချဲ့မှု ကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Avigdor Lieberman မှလည်း မေလ ၁၀ ရက်နေ့၌ အစည်းအဝေး တစ်ရပ်တွင် ဆီးရီးယား နိုင်ငံ အတွင်းရှိ အီရန် နိုင်ငံ တပ်စခန်းများအား အားလုံးနီးပါး ချေမှုန်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆီရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ မေလ ၁၀ ရက်နေ့ တွင် ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ဘက်ဆိုင်ရာ ယန္တရားများစွာ ဖျက်ဆီး ခံလိုက်ရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)