20
Sun, Oct
580 New Articles

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း ဒေသ တွင် တာလီဘန် လက်နက်ကိုင် ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ကဘူးလ် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် အစိုးရ အရာရှိ ၏ ပြောကြားချက်အရ ပြည်နယ် ၌ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

Farah ပြည်နယ် အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က မေလ ၁၀ ရက်နေ့ ညပိုင်း အချိန်တွင် ပြည်နယ် အတွင်း ဒေသ နှစ်ခု၌ တာလီဘန် လက်နက်ကိုင် အဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်ထိ ဒေသတွင်း ရဲတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ တို့က တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ၊ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ရပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် များလည်း အကျအဆုံး ရှိကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုကြောင့် လုံခြုံရေး ဝန်ထမ်း အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ က ယခုနှစ် ဧပြီလ ၂၅ ရက်နေ့၌ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် ပြည်ပတပ်ဖွဲ့များအား နွေဦးတိုက်ခိုက်မှု အသစ် စတင်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒေသ အများအပြား တွင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံ ဒေသတွင်း မီဒီယာ တစ်ခု ၏ မေလ ဆန်းပိုင်း တွင် ထုတ်ပြန် ခဲ့သည့် စာရင်းပြုစုချက်အရ ဧပြီလ အတွင်း အာဖဂန်နစ္စတန် နိုင်ငံ အတွင်း တိုက်ခိုက်မှုပေါင်း ၁၇၃ ခု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၂,၁၀၀ ခန့် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)