22
Wed, Jan
461 New Articles

ယီမင်နိုင်ငံ အရှေ့ပင်လယ်ပြင်တွင် ပြင်းအား ၆.ဝအဆင့်ရှိ ငလျင်လှုပ်ခတ်

မြေငလျင်တိုင်းတာမှု ပုံစံတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်) Africa & Middle East

အေဒန်၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ အရှေ့ပင်လယ်ပြင်တွင် ဇူလိုင်လ ၁၅ ရက်က ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုများနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးစင်တာ၏ထုတ်ပြန်ချက်အရ ယီမင်နိုင်ငံ Sayhut အရှေ့တောင်ပိုင်း ၁၆၀ ကီလိုမီတာအကွာ၌ ဇူလိုင်လ ၁၅ ရက် ဂရင်းနစ်စံတော်ချိန် ၁၃ နာရီ ၉ မိနစ်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါငလျင်မှာ မြောက်လတ္တီကျု ၁၃.၈၁၉၂ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၅၁.၆၅၀၅ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေငလျင်သည် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ယီမင်အရှေ့ပိုင်း Hadramoutပြည်နယ် နှင့် Mahrah ပြည်နယ် အနီး ပင်လယ်ပြင်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ယီမင် အစိုးရအရာရှိ တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Hadramoutပြည်နယ် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူတစ်ဦးက “မြေငလျင်လှုပ်ခတ်သွားတယ်လို့ ခံစားမိတယ်။ ၁၀ စက္ကန့်ကြာလှုပ်ခတ်သွားတာပါ” ဟု ဖုန်းဖြင့် ဆင်ဟွာကို ပြောသည်။ (Xinhua)