အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဂါဇာဒေသ မြောက်ပိုင်းရှိ ကင်းစခန်း ၂ ခု အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်

အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ ဂါဇာ ကမ်းမြှောင် ဒေသ တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်စဉ်(ဆင်ဟွာ) Africa & Middle East

ဂျေရုစလင် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ တိုက်လေယာဉ် များ က ဇူလိုင်လ ၁၆ ရက် ညနေပိုင်း အချိန်တွင် ဂါဇာဒေသ မြောက်ပိုင်းရှိ Hamas လက်နက်ကိုင် အဖွဲ့အစည်း ၏ ကင်းစခန်း ၂ ခု အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန် ကြေညာချက် တွင် ယခု အကြိမ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ခြင်းမှာ Hamas လက်နက်ကိုင် အဖွဲ့အစည်း မှ မီးလောင်စေနိုင်သည့် ကိရိယာ များ တပ်ဆင် ထားသည့် မိုးပျံပူပေါင်း များ ပို့လွှတ်ခြင်း ကို တုံ့ပြန်သည့် အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ဇူလိုင်လ ၁၆ ရက် ၌ Hamas လက်နက်ကိုင် အဖွဲ့အစည်း အနေဖြင့် အစ္စရေး နိုင်ငံ သို့ မီးလောင်စေသည့် ကိရိယာ များ တပ်ဆင် ထားသည့် မိုးပျံပူပေါင်း နှင့် လေတံခွန် များ ပို့လွှတ်မှု ကို မရပ်တန့် ပါက အစ္စရေး နိုင်ငံ အနေဖြင့် Hamas လက်နက်ကိုင် အဖွဲ့အစည်း နှင့် အပစ်အခတ် ရပ်စဲမှု ကို ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အစ္စရေး နိုင်ငံ အနေဖြင့် ဇူလိုင်လ ၁၆ ရက် ၌ ဂါဇာ ဒေသ တောင်ပိုင်း နှင့် ထိစပ် နေသည့် KeremShalom ကုန်သွယ်ရေး ဂိတ်ကို ပိတ်သိမ်း ခဲ့ကြောင်း သိရှိရသည်။(Xinhua)