အစ္စရေးတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂ဦးသေ၊ ၄၁ဦး ဒဏ်ရာရရှိ

West Bank ဒေသတွင် ဖေဖော်ဝါရီ ၁၀ ရက်က ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်) Africa & Middle East

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

West Bank ဒေသတွင် ဖေဖော်ဝါရီ ၁၀ ရက်က ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့ရာ အစ္စရေးလူမျိုး ၂ဦး သေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုသည် အစ္စရေးအခြေစိုက်လူနေရပ်ကွက်ဖြစ်သည့် Beit Horon အနီးရှိ အမှတ် ၄၄၃ အဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ အရေးပေါ်ဆေးကုသရေးအဖွဲ့က လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၄၁ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ထုတ်ပြန်ချက်တစ်ခု၌ပြောကြားခဲ့သည်။

ပြည်တွင်းသတင်းများ၌ဖော်ပြချက်အရ ဘတ်စ်ကားသည် ကိုယ်ပိုင်ကား နှင့် တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Micky Rosenfeld က အဆိုပါ လမ်းမအား ယာယီပိတ်ထားကြောင်း ပြောကြားခဲ့သည်။