အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ် နှင့် တရုတ်နိုင်ငံရှိတက္ကသိုလ်များလက်တွဲ၍ ပူးပေါင်းဆောင်ရွက်မည်

အီဂျစ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်) Africa & Middle East

ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကဏ္ဍအမျိုးမျိုး မှ တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ် က မေလ ၂၀ ရက်တွင် ကြိုဆိုခဲ့ကြောင်းသိရသည်။

ကိုင်ရို တက္ကသိုလ်ကောင်စီ နှင့် ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ် (SISU) တို့က ထိုနေ့အစောပိုင်းတွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း အတည်ပြုခဲ့သည်။

“SISU နဲ့ရေးထိုးတဲ့ ဒီနားလည်မှုစာချွန်လွှာမှာ ပညာရေးမြင့်မားဖို့ကို အလေးပေးဖို့၊ အဖွဲ့ဝင်တွေအချင်းချင်း သတင်းအချက်အလက်တွေ မျှဝေဖို့၊ သင်တန်းပေးဖို့၊ တရုတ်ဘာသာစကားကိုလည်းသင်ကြားဖို့ပါရှိတယ်’’ ဟု ကိုင်ရိုတက္ကသိုလ်မှ မီဒီယာအကြံပေး Fathy Abbas က ဆင်ဟွာကိုပြောသည်။

Abbas က ကိုင်ရိုတက္ကသိုလ်အနေနှင့် တရုတ်တက္ကသိုလ်များ နှင့် ပူးပေါင်းရန် စိတ်အားထက်သန်ပါကြောင်း၊ တက္ကသိုလ် ၏ ဥက္ကဋ္ဌ ဖြစ်သူ Mohammed Othman က သူ၏ တက္ကသိုလ်နှင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း၊ ထိုရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံသို့ နှစ်ကြိမ်သွားခဲ့ကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံ နှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံမဟာဗျူဟာမြောက်လက်တွဲဖက်အဖြစ်၎င်းတို့၏ ဆက်ဆံရေးအား ၂၀၁၄ ခုနှစ်ကတည်းက စ၍ မြှင့် တင်ခဲ့ပြီး၊ နှစ်နိုင်ငံအကြား မြင့်မားသည့် ယဉ်ကျေးမှု နှင့် သိပ္ပံပညာရပ်တို့အား ဖလှယ်ခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံလုံးအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး) မှတဆင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးအားတိုးမြှင့်ရန် နှင့် နားလည်မှုများဖြင့်နက်ရှိုင်းသော ဆက်ဆံရေးကိုတိုးမြှင့်ရန် မျှော်လင့်ကြောင်း သိရသည်။ (Xinhua)