နှစ်နိုင်ငံဆက်ဆံရေးအတွက် အီရတ်ဝန်ကြီးချုပ်ကို ကာတာစော်ဘွားလက်ခံတွေ့ဆုံမည်

ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al Thaniအားတွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ဒိုဟာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al Thaniနှင့် အီရတ် ၀န်ကြီးချုပ် Adel Abdul Mahdiတို့သည် မေ ၂၉ရက်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ကာတာနိုင်ငံပိုင် QNAသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အီရတ်ဝန်ကြီးချုပ် Abdul Mahdiသည် ကာတာနိုင်ငံကို တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ဒိုဟာမြို့သို့ မေ ၂၉ရက်၌ ရောက်ရှိလာပြီး ကာတာနိုင်ငံစော်ဘွားနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်မှုတွင် နှစ်ဦးနှစ်ဖက်အပြန်အလှန် စိုးရိမ်မှုကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း မေ ၂၈ ရက်က ထုတ်ပြန်သော တော်ဝင်တရားရုံးကြေညာချက်ကို ကိုးကားပြီး QNAသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ဘေးဒုက္ခကြုံတွေ့နေရသော အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများပြေလျော့စေရန် အမေရိကန်နှင့် အီရတ် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရန် အီရတ်နိုင်ငံအနေဖြင့် အသင့်ရှိနေကြောင်း ပြီးခဲ့သည့်အပတ်က အီရတ်ဝန်ကြီးချုပ်က ပြောကြားသည်။

 

အီရတ်ဝန်ကြီးချုပ် Abdul Mahdi၏ ခရီးစဉ်ကြေညာချက်သည် ဧရိယာအတွင်း လက်ရှိအကျပ်အတည်းနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ရန် ကူဝိတ်နှင့် အိုမန်တို့နှင့် ဆွေးနွေးမည့် အီရန်နိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi ခရီးစဉ်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။(Xinhua)