21
Fri, Feb
420 New Articles

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် စစ်သွေးကြွ ၁၂ ဦးသေဆုံးခဲ့သည့်အနက် တာလီဘန် အဓိကတပ်မှူးတစ်ဦးလည်း ပါဝင်

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် တာလီဘန်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီသွားသည့်အဆောက်အဦတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

မိုင်ဒန်ရှာ၊ အာဖဂန်နစ္စတန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် သေဆုံးခဲ့သည့် စစ်သွေးကြွ ၁၂ ဦးအနက် တာလီဘန် အဓိကတပ်မှူးတစ်ဦးဖြစ်သော မူလာ ဆတ်ဒမ် (Mullah Sadam) ပါဝင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရာတူလာ ရာဟီမီ (Nasratullah Rahimi) က ပြောကြားလိုက်သည်။

ဂျယ်ရစ်ဇ်ခရိုင်ရှိ တာလီဘန်များ ပုန်းခိုရာနေရာများသို့ မေလ ၂၉ ရက် အစောပိုင်း၌ ရဲတပ်ဖွဲ့ဝင်များက အပြင်းအထန် စီးနင်းတိုက်ခိုက်မှုအတွင်း နာမည်ဆိုးဖြင့်ကျော်ကြားသော တာလီဘန် တပ်မှူး မူလာ ဆတ်ဒမ် အပါအဝင် စစ်သွေးကြွ ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်မှူး ဆတ်ဒမ်သည် ဝါဒတ်ပြည်နယ်နှင့် အနီးဝန်းကျင်ရှိ အဖျက်အမှောင့်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)