18
Wed, Sep
512 New Articles

ဆီးရီးယား နိုင်ငံ အစိုးရ တိုက်လေယာဉ် တစ်စင်း နိုင်ငံ မြောက်ပိုင်း ဒေသ တွင် ပစ်ချ ခံရ

Su- 22 အမျိုးအစား တိုက်လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ဒမတ်စကတ်စ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ်လ ၁၄ ရက် တွင် အစိုးရ တိုက်လေယာဉ် တစ်စင်း က နိုင်ငံ မြောက်ပိုင်း Idlib ပြည်နယ်၌ အစွန်းရောက် အဖွဲ့အစည်း ၏ ပစ်ခတ်မှုကြောင့် ပျက်ကျ ခဲ့ရကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ တိုက်လေယာဉ် က အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်သည့် စစ်ဆင်ရေး ဆောင်ရွက်နေစဉ် အတွင်း ပစ်ချခံရခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်နက်ကိုင် အဖွဲ့အစည်း က လေကြောင်း ကာကွယ်ရေး ဒုံးကျည် ဖြင့် ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် လေယာဉ်မှူး အား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရှိရသည်။

Hay'at Tahrir al-Sham အစွန်းရောက် အဖွဲ့အစည်း က သြဂုတ်လ ၁၄ ရက် ၌ ၄င်း တို့ အနေဖြင့် ဆီးရီးယား နိုင်ငံ အလယ်ပိုင်း မှ စတင် ပျံတက် လာသည့် Su- 22 တိုက်လေယာဉ် တစ်စင်း အား ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Idlib ပြည်နယ် နှင့် တူရကီ နိုင်ငံ က နယ်နိမိတ်ချင်း ထိစပ် နေပြီး ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နှင့် အစွန်းရောက် အဖွဲ့အစည်း တို့ ၏ ဆီးရီးယား နိုင်ငံ အတွင်း နောက်ဆုံး ထိန်းချုပ် ထားသည့် နယ်မြေ ဖြစ်ကြောင်း ၊ Hay'at Tahrir al-Sham အစွန်းရောက် အဖွဲ့အစည်း က ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ တွင် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ မှ စုပေါင်းထူထောင် ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ၊ ယင်း အဖွဲ့အစည်း အား အစွန်းရောက် အဖွဲ့အစည်း Al-Nusra Front က အဓိက ဦးဆောင် နေပြီး ၄င်း အဖွဲ့အစည်း မှာ ယခင် က Al-Qaeda အဖွဲ့အစည်း ၏ ဆီးရီးယား အဖွဲ့ခွဲ ဖြစ်ကြောင်း ၊ Al-Nusra Front က ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် က Al-Qaeda အဖွဲ့အစည်း မှ ခွဲထွက်ကြောင်း ကြေညာ ခဲ့သော်လည်း နိုင်ငံတကာ က ယင်း အဖွဲ့အစည်း အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။(Xinhua)