07
Sat, Dec
488 New Articles

အီရန်ရေတပ်က စစ်သင်္ဘောများ နှင့် ရဟတ်ယာဉ်များအသုံးပြု၍ ကက်စပီယန်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ကက်စပီယန်ပင်လယ်တွင် စစ်ရေးလေ့ကျင့်နေသော အီရန်စစ်သင်္ဘောများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Africa & Middle East

တီဟီရန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံရေတပ်က ဒုံးကျည်ပစ်လွှတ်နိုင်သော စစ်သင်္ဘောများ နှင့် စစ်ရဟတ်ယာဉ်များ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့စက်တင်ဘာ ၂ ရက်တွင် ကက်စပီယန်ပင်လယ်၌ ဒုတိယနေ့အဖြစ် အဆက်လက်ပြုလုပ်လျက်ရှိကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း အီရန်စစ်တပ်က ရန်သူ့သင်္ဘောများအား လိုက်လံဖမ်းဆီးရာတွင် အသုံးပြုသည့် မြန်နှုန်းမြင့်မော်တော်ဘုတ်များ နှင့် ဒုံးကျည်ထိပ်ဖူးတပ်ဖရီးဂိတ် စစ်သင်္ဘောများ အပါအဝင် ပစ္စည်းကိရိယာများ နှင့် စစ်လက်နက်များတပ်ဆင်ထားသည့် စစ်ဆင်ရေးအုပ်စုများဖြင့် လေ့ကျင့်ခဲ့ကြောင်း သတင်းကဆိုသည်။

ရေတပ်ကွပ်ကဲရေးအုပ်စုများတွင် AB-212 ရဟတ်ယာဉ် နှစ်စင်း နှင့် မဟာဗျူဟာမြောက် ရန်သူ့ချေမှုန်းရေး ဒုံးကျည်တပ်ဆင်ထားသော စစ်သင်္ဘောများ ၊ ထောက်လှမ်းရေးသုံးပစ္စည်းကိရိယာများ နှင့် ရေဒါစနစ်များ ပါဝင်ကြောင်း သိရသည်။

အီရန်ရေတပ် တပ်မှူးချုပ် Hossein Khanzadi က စစ်ရေးလေ့ကျင့်မှုမှာ ၄ ရက်ကြာမြင့်မည်ဖြစ်ကြောင်း ၊ အီရန် တပ်ဖွဲ့၏ လုံခြုံရေး နှင့် အသင့်အနေအထားဖြစ်ရေး ရည်မှန်းချက် “ လုံခြုံရေး နှင့် အင်အားစိုးမိုးရေးအခိုက်အတန့်လေ့ကျင့်မှုအစီအစဉ်” ဖြစ်ကြောင်း နှင့် အဆင့်အမြင့်ဆုံး အသုံးအဆောင်များ နှင့် စစ်လက်နက်များပါဝင်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

တပ်မှူးက “ စစ်ရေးလှုပ်ရှားမှုကို ကျွန်တော်တို့တစ်သီးတစ်ခြားပဲ လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့ပြီး သိပ်မကြာသောအနာဂတ်တွင် ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။(Xinhua)